Main menu

ပြည်ခရိုင်အတွင်း ဈေးကောင်းရနေတဲ့ ငါးခူးငါးအကြောင်း

Powered by Drupal

   ငါးခူငါးမှာ အကြေးခွံမပါသော အကြေးခွံမဲ့ငါးဖြစ်ပြီး ငါးခ္ဓာကိုယ်တွင် အချွဲအကျိများဖြင့် ဖုံးလွှမ်းထားသော ငါးတစ်မျိုးဖြစ်ပါသည်။ ငါးခူးငါးမှာ လူ့အကျိုးပြု အမိုင်နို၊ ဖက်တီးအက်ဆစ်၊ ပရိုတင်း၊ ဗီတာမင်၊ သံဓါတ်စသည့် ဓါတ်များပါဝင်ပြီး ဈေးသင့်ကာ အရသာကောင်းမွန်သော ငါးဖြစ်ပါသည်။ ငါးခူ ငါးမှာ လူ့အကျိုးပြု အမိုင်နို၊ ဖက်တီးအက်ဆစ်၊ ပရိုတင်း ၊ဗီတာမင်၊ သံဓါတ် စသည့်ဓါတ်များပါဝင်ပြီး စျေးသင့်ကာ အရသာကောင်းမွန်သော ငါးဖြစ်ပါသည်။ ငါးအရသာအလွန်ချိုသောကြောင့် နေမကောင်း သူများ ငါးဆန်ပြုတ်လုပ်စားပါက ငါးရဲ့အဓိကအာဟာရချဉ်ဆီရည်ကို အများဆုံးထုတ်ပေးရရှိနိုင်သော ငါးဖြစ်၍ ကျန်းမာရေးနှင့် ကိုယ်ခံအားကို အမြန်ဆုံးနလံထူနိုင်ကြောင်း သိရပါသည်။ ငါးခူသက်တမ်းမှာ (၂၀-၂၅)နှစ်ထိ အသက်ရှည်ပြီး အသက်ပြင်းသောငါးဖြစ်သည်။ နေရာမရွေးအသက်ရှင်နေထိုင်နိုင်ပြီး ငါးခူအမမှာ ဥပေါင်း(၇၀၀၀-၈၀၀၀)ခန့် ဥဥနိုင်ကြပါသည်။ငါးခူနှုတ်ခမ်းမွှေးမှာ အာရုံထိတွေ့မှု ကောင်းမွန်လှပြီး ငါးခူငါးကို လယ်ကွင်း၊ အိုင်၊ ရွှံ့နွံ စသည်တို့တွင် တွေ့ရတတ်သလို အင်းအိုင်၊ ချောင်းမြောင်းမှသည် မြစ်ထိလည်းတွေ့ရတတ်ပါသည်။ ရေချိုပိုင်းတွင်အများဆုံးကျက်စားကြပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင်လည်းနေထိုင်ကြသည်။ ငါးခူငါးကို ငါးခူစဉ်းကော၊ ငါးခူမွကြော်၊ ငါးခူ ခြောက်စပ်၊ ငါးခူငါး၊ ငါးပိရည်အပြင် မုန့်ဟင်ခါးလုပ်ရာ၌ ငါးခူငါးကို အသုံးပြုကြပါသည်။ ငါးခူးငါးကို ပြည်မြို့ မြို့မစည်ပင် သာယာဈေးကြီးနှင့် အခြားဈေးများတွင် ငါးခူငါးအကြီးတစ်ပိဿာလျှင် ကျပ် (၃၇၀၀၀)၊ လက်လီတစ်ဆယ်သားလျှင် ကျပ် (၄၀၀၀) ထိ ဈေးပေါက်နေပြီး အရောင်းအဝယ်ကောင်း ကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)