Main menu

တောင်ငူမြို့နယ်အတွင်း ရောင်းချနေသော ဩဇာသီးဈေးနှုန်း

Powered by Drupal

   ဩဇာသီးသည် တစ်နှစ်ပတ်လုံးသီးသော်လည်း မိုးရာသီအကုန် စက်တင်ဘာလမှစပေါ်ပြီး ဆောင်းရာသီ အစဖြစ်သော အောက်တိုဘာလမှ ဖေဖော်ဝါရီလအတွင်း အများဆုံးထွက်ရှိပါသည်။ ဩဇာသီးသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည်တော်၊ ပျော်ဘွယ်မြို့တို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။နေပြည်တော်၊ပျော်ဘွယ်မြို့နှင့်ပတ်ဝန်းကျင်ဒေသသည်ခြောက်သွေ့သော ရာသီဥတုရှိပြီး ဩဇာသီးစိုက်ပျိုးရန် အလွန်သင့်တော်သောဒေသ ဖြစ်ပါသည်။

ပျော်ဘွယ်ဒေသနှင့် အနီးတစ်ဝိုက်ဖြစ်သော ယမ်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာအုပ်စု တို့တွင် ဩဇာသီးကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုဒေသများမှထွက်ရှိသော ဩဇာသီးများကို နေပြည်တော်ဈေးကွက်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းစသော မြို့ကြီးများသို့ တင်ပို့ရောင်း ချလျက်ရှိပြီး အနီးအနားဒေသဖြစ်သော တောင်ငူမြို့သို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။  ဩဂုတ်လ (နောက်ဆုံးအပတ်)နှင့် ယခုစက်တင်ဘာလ (ပထမအပတ်)တွင် တောင်ငူမြို့နယ် အတွင်းရှိ ဈေးများနှင့် သီးနှံအရောင်းဆိုင်များတွင် ဩဇာသီးအလုံးသေးတစ်လုံး လျှင် ၁၀၀၀ ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ်ဖြင့် ပေါ်ဦးပေါ်စရာသီစာသီးနှံအဖြစ် ရောင်းချလျက် ရှိကြောင်း သိရသည်။

DOCA(ပဲခူး)