
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။
၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလတ် (၅၀၀) ကျပ်နှင့် အကြီး(၅၅၀) ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘဲဥဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥနှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)