Main menu

မိတ္ထီလာစပါးဈေးနှုန်း

Powered by Drupal

              မိတ္ထီလာမြို့နယ်၊ စပါးဈေးကွက်၌ ဩဂုတ်လတတိယပတ်တွင် စပါးဈေးနှုန်းများမှာ နွေစပါး (၁၅) ပိဿာတစ်တင်းလျှင် နွေမနောသုခမှာ (၁၅၀၀၀)ကျပ်၊ ရွှေဝါထွန်းမှာ (၁၄၀၀၀)ကျပ်၊ ထိုင်းနှံ ကောက်မှာ (၁၃၀၀၀)ကျပ်၊ ရက်(၉၀)မှာ (၁၅၀၀၀)ကျပ်၊ ရွှေသွယ်ရင်မှာ (၁၅၀၀၀)ကျပ်၊ အောင်ငွေတိုးမှာ (၁၄၀၀၀)ကျပ်၊ ရွှေမနောမှာ (၁၅၅၀၀)ကျပ်၊ ရတနာတိုးမှာ (၁၆၀၀၀)ကျပ်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်ကြောင်းသိရသည်။ နွေစပါးကိုသက်တမ်းတိုသည့်ရက်(၉၀)၊ ရွှေသွယ်ရင်နှင့် မနောသုခ အုပ်စုဝင်စပါးများစိုက်ပျိုးကာ ဇွန်လမှစ၍ရိတ်သိမ်းလေ့ရှိပါသည်။ ဒီဇင်ဘာလ ၊ ဇန်နဝါရီလများက ရိတ်သိမ်းခဲ့သောစပါးမှာ သက်တမ်းမျိုးဖြစ်သည့် ပဒေသာ၊ မနောသုခမျိုးများ စိုက်ပျိုးမှုများကာ ယခုအခါ စပါးဟောင်းများဖြစ်လာ၍ နွေစပါးနှင့်နှိုင်းယဉ်ပါကဈေးမြင့်ရာ (၁၄)ပိဿာတစ်တင်းလျှင် ဧရာပဒေသာမှာ (၃၂၀၀၀)ကျပ်၊ မဂျမ်းတောမှာ (၃၅၀၀၀)ကျပ်၊ ရက်(၉၀)မှာ(၂၀၀၀၀)ကျပ်၊ ရွှေပိုးမိုး ယွန်းကြီးမှာ (၁၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း စပါးပွဲစား၊ဆန်စက်ပိုများထံမှ သိရသည်။

DOCA (မန္တလေး)