Main menu

ကန့်ဘလူမြို့မဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်း

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေး၌  ရာသီပေါ်သီးနှံများဖြစ်သည့် မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီးနှင့် ငရုတ်သီးများရောင်းချလျက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းမှာ လက်က္ကား()ပိဿာလျှင် (၃၂၀၀)ကျပ်၊ လက်လီ()ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငရုတ်သီးကို မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ်အတွင်း ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)