
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် သကြားခွေ၊ ဇီးပြားများ၊ မြေပဲပွကြော်နှင့် နေကျောက်ခဲ စသည့်တိုကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှမှရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော ပဲကျောက်ခဲ(ခေါ်)နေကျောက်ခဲ ဈေးနှုန်းအနေဖြင့် တစ်ပြည် လျှင် (၁၁၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၅၅၀၀)ကျပ်၊ နို့ဆီ(၁)ဘူး လျှင်(၁၄၀၀)ကျပ်၊ မြေပဲပွကြော် ဈေးနှုန်း တစ်ပြည်လျှင် (၆၄၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၃၂၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသူထံမှ ရရှိပါသည်။
DOCA (စစ်ကိုင်း)