Main menu

ကျွန်းလှမြို့နယ်၏  ဆီထွက်သီးနှံ နှမ်းနှင့် နေကြာဈေးနှုန်းများ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူ မြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္ထပတ်အတွင်း ဆီနေကြာ(၁)တင်းလျှင် (၅၃၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၉၅၀၀)ကျပ်၊ နှမ်းဖြူ (ဂျပန်)တစ်တင်းလျှင် (၁၀၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိရာ ယခုပတ်အတွင်း နှမ်းနက် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)