
မန္တလေးစျေးကွက်သို့ မိုးရာသီဖြစ်၍ မန္တလေးတိုင်း ဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှ သံပုရာသီးနှင့် သံပုယိုသီးများဝင် ရောက်မှု များပြားလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံးလျှင် ၁၀၀၀ ကျပ်နှင့် ၁၂၀၀ ကျပ်၊ သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၉၀၀ ကျပ်စျေးတို့ ဖြစ်ပေါ်လျက်ရှိပြီး၊အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါသည်။ မိုးရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့်သံပုယိုသီးမှာ ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်လျော့ကျသွားကြောင်း သိရပါသည်။
DOCA(မန္တလေး)