Main menu

မြင်းခြံဈေးကွက်တွင် အိုးမုန်ညင်းရွက်များ ဈေးနှုန်းကျဆင်းလာခြင်း

Powered by Drupal

      မြင်းခြံမြို့နယ်ရှိ စံပြဈေး၊ အေးမြသီတာဈေးနှင့် မြို့မစည်ပင်သာယာဈေးများတွင် အခြေခံ စားကုန် အမျိုးမျိုးနှင့် စားဖိုဆောင်အုပ်စုဝင် ဟင်သီးဟင်းရွက်မျိုးစုံ ရောင်းချလျက်ရှိရာ ရာသီပေါ် အိုးမုန်ညင်းများကိုလည်းရောင်းချလျက်ရှိကြောင်း၊ မြင်းခြံမြို့နယ်သည် အိုးမုန်ညင်းများကို ဆောင်း ရာသီတစ်ရာသီသာ စိုက်ပျိုးနိုင်ကြောင်း၊ ရာသီကုန်ဆုံးချိန်တွင် ၎င်းဟင်းရွက်များကို ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ မှာယူတင်သွင်းပြီး ဒေသတွင်းသို့ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် အိုးမုံညင်းရွက် တစ်စည်းလျှင် (၆၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊   ဩဂုတ်ပထမပတ်တွင် အိုးမုန် ညင်း တစ်စည်းလျှင် (၈၀၀)ကျပ်ပေါက်ဈေးများဖြင့် ရောင်းခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် အိုးမုံညင်းတစ်စည်းလျှင် (၂၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်း ကျဆင်း ခြင်းမှာ ယခုမိုးရာသီကာလ၌ ‌‌အိုးမုံညင်းရွက် ပေါများစွာထွက်ပေါ်ချိန် ဖြစ်သောကြောင့်၊ စားသုံးမှုများ၍ နေ့စဉ် အစည်းအရေအတွက် (၁၅၀-၃၀၀)စည်းခန့် ရောင်းချရကြောင်း ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)