Main menu

ဈေးနှုန်းကျလာသောပဲပုပ်စို၊ပဲပုပ်ခြောက်ထုတ်လုပ်ပုံ

Powered by Drupal

     MSME လုပ်ငန်းဖြစ်သော ပဲပုပ်စို၊ ပဲပုပ်ခြောက်လုပ်ငန်းများကို မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက် များနှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် စီးပွားဖြစ်တစ်နိုင်တပိုင်လုပ် ကိုင်ကြ ကြောင်း၊   ပဲပုပ်ဟင်းလျာကို မြန်မာလူမျိုးများသည်  နှစ်သက်စွာ စားသုံးကြကြောင်း၊ အေးမြသီတာ ဈေးတွင်  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလပထမပတ်တွင် ရောင်းချနေသော ပဲပုတ်အစို ၂၅ ကျပ်သား လျှင် (၂၅၀၀)  တစ်ပိဿာ (၉၅၀၀) ကျပ် ပေါက်ဈေးများဖြင့့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဩဂုတ်လပထမပတ်တွင်ပဲပုတ်အစို ၂၅ ကျပ်သားလျှင် (၃၀၀၀) ကျပ်၊ တစ်ပိဿာ (၁၁၀၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ပဲပုပ်အစို ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာ (၁၅၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။

            ၂၀၂၅ခုနှစ်၊ စက်တင်ဘာလပထမပတ်တွင်  ပဲပုတ်အခြောက် ၂၅ ကျပ်သားလျှင်  (၅၀၀၀) ကျပ်၊ အခြောက်တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဩဂုတ်လ ပထမပတ်တွင် ပဲပုပ်အခြောက် (၂၅) ကျပ်သားလျှင် (၅၅၀၀) ကျပ်၊ အခြောက် တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ပဲပုပ်အခြောက် ၂၅ ကျပ်သားလျှင် (၅၀၀) ကျပ်၊ တစ်ပိဿာ (၂၀၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်းကျဆင်းခဲ့ခြင်းမှာ ပဲပုပ်အစို၊ အခြောက်ထုတ် လုပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုသော ပဲပုပ်စေ့သီးနှံ ဈေးနှုန်းများကျ ဆင်းလာ ခြင်းကြောင့် ဖြစ်ကြောင်း၊ စားသုံးမှုများသောကြောင့် အရောင်းအဝယ်လည်း ကောင်းကြောင်း၊ ပဲပုပ်အစို ပြုလုပ်ရာတွင် ပဲပုပ်စေ့သီးနှံကိုရေစိမ်၍  ပဲစေ့များပွလာလျှင် ရေဆေးပြီး အိုးထဲတွင် ထည့်၍ မီးဖြင့် ပြုတ်ရကြောင်း၊ ပြုတ်ထားသော ပဲစေ့များကျက်လာလျှင် ဆည်ယူပြီး ရေစစ်၍ ခံတောင်းထဲ တွင်ထည့်ပြီး အဖုံးအုပ်၍ တစ်ရက် ထားရကြောင်း၊ ပဲပုပ်အနံ့လေး မွှေးလာလျှင် ပဲပုပ်အစိုကို ဈေးကွက်သို့ရောင်းချကြောင်း၊ ၎င်းအစိုကို ပုံစံကွက်တွင်ထည့်၍ ပြားပြီးနေလှန်းပါက ပဲပုပ် ခြောက်များရရှိပြီး ဈေးကွက်သို့ရောင်းချရကြောင်း၊ MSME လုပ်ငန်းဖြစ်သော ပဲပုပ်ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ပဲပုတ်အစို/အခြောက် ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA(မန္တလေး)