Main menu

မြန်မာ့ရိုးရာအစားအစာဖြစ်သောငှက်ပျောဆိုင်းထုပ်ဈေးနှုန်း

Powered by Drupal

     အညာ‌ဒေသဖြစ်သော မြင်းခြံမြို့မြို့ရှိ  အေးမြသီတာဈေးအတွင်း၌ မြန်မာ့ရိုးရာမုန့်အမျိုးမျိုး ရောင်းချလျက်ရှိရာ ငှက်ပျောဆိုင်းထုပ်မျာကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင် ဘာလပထမပတ်တွင် ရောင်းချနေသောငှက်ပျောဆိုင်းထုပ် (၂၅) ကျပ်သားပါတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ ‌နှစ်ထုပ်လျှင် (၃၅၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချရကြောင်း၊ မြန်မာ့ရိုးရာ အစားအစာဖြစ်သောကြောင့် လူကြိုက်များ၍ စားသုံးမှုများပြားပြီး အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ပုံမှန်အထုပ်အရေအတွက် (၁၀၀-၁၅၀)ခန့်ရောင်းချရကြောင်း၊  ငှက်ပျောဆိုင်းထုပ် ပြုလုပ်ရာ တွင် ကောက်ညှင်းဆန်ကို (၅) နာရီကြာရေစိမ်ရကြောင်း၊ ဆယ်ယူ၍ကောက်ညှင်းဆန်ကို ရေစစ်ထားရကြောင်း၊ သန့်စင်ပြီး  အပူပေးထားသော ငှက်ပျောဖက်ရွက်ပေါ်သို့ ကောက်ညှင်းဆန် တစ်ထပ်ထည့်ပါ ပြီးလျှင်ကြိတ်ချေထားသော ငှက်ပျောသီးနှင့်သကြားများ ကိုအလယ်မှာထည့်၍  ကောက်ညှင်းဆန်ဖြင့်ထပ်မံ ဖုံးအုပ်၍ ငှက်ပျောဖက်ကိုလိပ်ပြီး ကျစ်ကျစ်လစ်စွာထုပ်ပိုး၍ နှီးကြိုးဖြင့်ချည်နှောင်ပြီး ပွက်ပွက်ဆူသော ရေနွေးအိုးထဲသို့ တစ်နာရီခန့်ထည့်ပြုတ်ရကြောင်း၊ ထို့နောက် သော မွှေးကြိုင်ချိုစိမ့်နူးနှပ်သော ငှက်ပျောဆိုင်းထုပ်များရရှိကြောင်း ငှက်ပျောထုပ်ပြုလုပ်ရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)