
မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးတွင် ဟင်းသီးဟင်းရွက်မျိုးစုံရောင်းချလျက်ရှိရာ ဂေါ်ရ ခါးညွန့်များကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချ ကြကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် ဂေါ်ရခါးညွှန့်တစ်စည်းလျှင် (၈၀၀) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင် ဩဂုတ်လ ပထမပတ်တွင် ရောင်းချ နေသော ဂေါ်ရခါးညွန့် တစ်စည်းလျှင် ၁၀၀၀ ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ဂေါ်ရခါးညွန့်တစ်စည်းလျှင် (၂၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်း ခဲ့ကြောင်း၊ ယခုမိုးရာသီတွင် ဂေါ်ရခါးညွန့်များ လှိုင်လှိုင်ထွက်ပေါ်သောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း၊ အာဟာရဓာတ် ကြွယ်ဝသောကြောင့် ဈေးကွက်တွင် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ နေ့စဉ် ဂေါ်ရခါးညွန့် အစည်းအရေအတွက် (၅၀ မှ ၁၅၀) စည်းခန့်ရောင်း ချရကြောင်း၊ ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြ ချက်အရ သိရှိရသည်။ ဂေါ်ရခါးညွန့်တွင် ပါဝင်သော အာဟာရဓာတ်များကြောင့် ဆီးချို၊သွေးချို ထိန်းညှိပေးကြောင်း၊ ဝယ်ယူရ လွယ်ကူ ခြင်းနှင့် ချက်ပြုတ်ရာတွင် လွယ်ကူမြန်ဆန်သဖြင့် စားသုံးမှု များပြားကြောင်း သိရှိရသည်။
DOCA(မန္တလေး)