
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းကိုအဓိကထားစိုက်ပျိုးလျှက်ရှိပြီး နွေနှမ်းနှင့်ဆောင်းနှမ်းကို အနည်းငယ်သာစိုက်ပျိုးကြပါသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နှမ်းသီးနှံကို သီးသန့်စိုက်ပျိုးကြသလို ပဲစဉ်းငုံသီးနှံနှင့် သီးညှပ်စိုက်ပျိုးမှုမှာ ပို၍များကြောင်းသိရသည်။၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက(၁၃၃၇၄၇)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း အနေဖြင့် (၄.၇၈)တင်းနှုန်းထွက်ရှိ၍ စုစုပေါင်း (၆၃၉၃၁၁) တင်း ထွက်ရှိခဲ့ပါသည်။ ဆောင်းနှမ်းကို (၃၀) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ(၄.၆၉) တင်း နှုန်းဖြင့် တင်းပေါင်း(၁၄၁)တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးနှမ်းကို (၁၂၁၁၅၁) ဧကလျာထားခဲ့ပြီး စိုက်ဧက(၁၃၄၆၁၇)ဧက စိုက်ပျိုးနိုင်ခဲ့၍ ယနေ့ထိ (၈၇၃၂၉)ဧက ရိတ်သိမ်းပြီးဖြစ်ပြီး အထွက်နှုန်း(၅.၆၂)တင်း ထွက်ရှိ၍ အထွက်တင်းစုစုပေါင်း(၄၉၀၇၈၉)တင်းထွက်ရှိသည်။ လျာထားဧက ထက်(၁၃၄၆၆)ဧက ပိုမိုစိုက်ပျိုးခဲ့ကြသည်။ ဇွန်လ မိုးဦးကျချိန်တွင် စတင်စိုက်ပျိုး၍ ဇူလိုင်လကုန် ဩဂုတ်လ ပထမပတ်တွင် လှိုင်လှိုင်ထွက်ရှိပြီး နွေနှမ်းကို မတ်၊ ဧပြီလတို့တွင် စတင်စိုက်ပျိုး၍ ဇွန်၊ ဇူလိုင်လများတွင် ထွက်ရှိပါသည်။ ဇူလိုင်လကုန်နှင့် ဩဂုတ်လများတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိဆက်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများ၊ဆီစက်များသို့ လာရောက်၍ ရောင်းဝယ်မှုပြုလုပ် ကြသည်။ ယခုနှစ်နှမ်းသီးနှံထွက်ပေါ်ချိန်တွင် နှမ်းနီတစ်တင်းလျှင်(၉၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ဈေးဖြင့် ရောင်းဝယ်စတင်ခဲ့ပြီး ဩဂုတ်လနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်း (၈၈၀၀၀)ကျပ် ၊ နှမ်းဖြူတစ်တင်း (၉၁၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ပြုလုပ်လျက်ရှိသည်။ ကျောက်ပန်း တောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ် အနေဖြင့်(၂၆၉၀၀၀)ကျပ် ကျသင့်ပြီး တစ် ဧကပျှမ်းမျှအထွက်နှုန်းမှာ(၅.၆၂)တင်းနှုန်းထွက်ရှိ၍ တစ်တင်းရောင်းဈေး(၉၁၀၀၀)ကျပ်ဖြင့် ရောင်းချ ခဲ့ရသောကြောင့် တစ်ဧကအကျိုးအမြတ်မှာ (၂၄၂၄၂၀)ကျပ်ရရှိစေပါသည်။ ဒေသထွက်နှမ်းများကို ယခင်ကအခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင်ပြင်ပသို့ ရောင်းချမှု နည်းပါးလာပြီး ဒေသတွင်း၌သာဆီကြိတ်ခွဲသုံးစွဲမှုများ များလာကြပါသည်။တောင်သူ အကျိုးအမြတ် ရရှိသော ဆီထွက်သီးနှံကိုပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲ ရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေလာခြင်းအပြင် ဘေးအန္တရာယ်ကင်း သော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ် ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူး များရရှိစေသည့်အတွက် နှမ်းအပါအဝင်ဆီထွက်သီးနှံများအား ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
DOCA(မန္တလေး)