
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ဒေသခံများမှာ အဓိကအားဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး ဖမ်းဆီးရရှိသော အသားငါးများကို ဒေသရှိစျေးကွက်များနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မြိတ်မြို့အတွင်း ရောင်းချနေသော ငါးစျေးနှုန်းများမှာ ဘီဇင်းတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ဘီဇင်းရံကားတစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ဘာသီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ဇယောတစ်ပိဿာလျှင် (၁၇၅၀၀)ကျပ် နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)