Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းလျက်ဈေးကွက်

Powered by Drupal

    ထန်းလျက်သည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ကျန်းမာရေးကို အလွန်ပင် အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစားပြီးလျှင် အချိုတည်းစရာအဖြစ်စားတတ်ကြပါသည်။ ထန်းလျက်သည်အစာကြေလွယ်ပြီး သွေးအားကို သန့်ရှင်း စေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အဆစ်အမြစ်နာကျင်ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိစေပါသည်။

          ယခင်၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသော ထန်းလျက်သည် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ရှိပြီး ယခုစက်တင်ဘာလ ပထမပတ်တွင် (၁၀၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)