
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သောကြောင့် ရေထွက်ကုန်များပေါများသော်လည်း မွေးမြူရေးလုပ်ငန်းများနည်းပါးသောကြောင့် မြိတ် ဒေသတွင် စားသုံးရန်လိုအပ်လျက်ရှိသော ကြက်ဥများအားအခြားဒေသများမှ သယ်ယူတင်သွင်း ရရှိကြောင်းသိရှိရပါသည်။ အထူးသဖြင့် ရန်ကုန်မြို့နှင့် မော်လမြိုင်မြို့တို့မှအဓိက သယ်ယူလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ သယ်ယူတင်သွင်းရာတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း လမ်းခရီး အခက်အခဲများကြောင့် ကြက်ဥစျေးနှုန်းများ အနည်းငယ်မြှင့်တက်လျက်ရှိရာ မြိတ်မြို့အတွင်းလက် လီရောင်းချနေသော စျေးနှုန်းများမှာ ကြက်ဥအသေး (၅၀၀)ကျပ်၊ ကြက်ဥအလတ်(၇၅၀)ကျပ်နှင့် ကြက်ဥအကြီး (၈၀၀)ကျပ်နှင့် ကြက်ကြမ်းဥ (၁၀၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)