Main menu

ကရင်ပြည်နယ်အတွင်းဆန်စီးဝင်မှုအခြေအနေနှင့်ဆန်ဈေးနှုန်း

Powered by Drupal

   ကရင်ပြည်နယ်တွင် ဆန်/စပါးဈေးနှုန်းများတည်ငြိမ်နေသောလည်း ဆန်စီးဝင်မှုများမှာ ယခင် အပတ်ထက်လျော့နည်း၍ စီးဝင်ခဲ့ကြောင်း သံလွင်တံတားမှနေ့စဉ်ပေးပို့လာသော ဇယားများ အရ သိရသည်။

    ကရင်ပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီးများမှ ဩဂုတ်လနောက်ဆုံးပတ်အတွင်း ဆန်စီးဝင်မှုများမှာ ရန်ကုန်မှ ဆန်အိတ်ရေ (၁၃၅၇၀)အိပ်၊ မွန်မှဆန်အိပ်ရေ (၃၄၀၀)အိပ်၊ စစ်ကိုင်းမှ ဆန်အိပ်ရေ (၁၈၃၀)အိပ်၊ ပဲခူးမှဆန်အိပ်ရေ (၃၅၀)အိပ် စုစုပေါင်း ဆန်အိပ်ရေ (၁၉၁၅၀)အိပ် တန်အားဖြင့် ဖော်ပြလျှင် (၉၅၇.၅၀)တန် တို့ဖြစ်ပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း ဆန်စီးဝင်မှုများ လျော့နည်းခဲ့သည်။ ကရင်ပြည်နယ်အတွင်း စပါးလက်ကျန် နည်းပါလာသောကြောင့် ဆန်ကုန်သည်လုပ်ငန်းများအနေဖြင့် ရန်ကုန်၊ စစ်ကိုင်၊ ပဲခူး မွန် စသည့်ဒေသများမှ ဆန်များဝယ်ယူ၍ ရောင်းချရကြောင့် ဝယ်ဈေးအပေါ်သယ်ယူစရိတ်ထပ်ဆောင်း ရောင်းချရသောလည်းဈေးနှုန်းမှာ ပုံမှန်အတိုင်းရောင်းချကြောင်း သိရသည်။

    ကရင်ပြည်နယ်၏ စက်တင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသော ဆန်/စပါး ဈေးနှုန်း များမှာ စပါးတင်း(၁၀၀)လျှင် (၁၆၀၀၀၀၀)ကျပ်ဖြစ်ပြီး ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောင်းချ နေသော ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းဆန် တစ်ပြည်လျှင် (၆၀၀၀)ကျပ်၊(၂၄)ပြည်လျှင် (၁၄၁၀၀၀) ကျပ်၊ ဧည့်မထ (မနောသုခ)ဆန် တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ (၂၄) ပြည်လျှင် (၈၁၀၀၀)ကျပ်၊ ဆန်ကွဲ တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ (၂၄) ပြည်တစ်အိပ်လျှင် (၆၀၀၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

DOCA(ကရင်)