
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဩဂုတ်လတတိယပတ်မှစ၍ မိုးစပါးများစတင်ရိတ်သိမ်းလျက်ရှိရာ မြို့နယ်အတွင်းရှိ စပါးဝယ်ယူနေသော စက်ရုံ/သိုလှောင်ရုံနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီဖြစ်ပါသည်။
အုတ်ဖိုမြို့နယ်ရှိ စပါးဝယ်ယူနေသော ဆန်စက်ပိုင်ရှင်များ၏ ပြောကြားချက်အရ တနေ့လျှင် စပါးတင်း ၂၅၀၀၀ မှ ၃၀၀၀၀ အထိ အရောင်းအဝယ်ရှိပြီး ရက်၉၀ စပါး အသွယ်အမျိုးအစားများ အဓိ ကဝယ်ယူရပြီး စပါးဈေးနှုန်းမှာ အစိုဓာတ် ၂၂ % မှ ၂၅ % အတွင်း ပေါင် ၅၀ စပါးတင်း ၁၀၀ လျှင် ၁၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ပဲခူး)