
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၅.၈.၂၀၂၅) ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့မ ဈေးအပြင်ဘက်ရှိ ရှင်းသန့်ဆပ်ပြာဆီနှင့် ဆပ်ပြာကုန်ကြမ်းများဈေးနှုန်း၊ဈေးကွက်အခြေအနေများ ကိုသိရှိနိုင်ရန် ကွင်းဆင်းခဲ့ပါသည်။
ဈေးအပြင်ဘက်ရှိ ဆပ်ပြာဆီရောင်းချသူများ၏ ပြောကြားချက်အရ ဆပ်ပြာကုန်ကြမ်းများကို ရန်ကုန်မှဝယ်ယူရပြီး၊အမျိုးအစားအနေဖြင့် (၅)မျိုးအတွဲတစ်စုံလျှင် ဂျယ်လီအမြှပ်၊အရောင်၊အနံ၊ ဂျီး ချွတ်ဆေး စသဖြင့်ပါရှိပါသည်။ကုန်ကြမ်း 1 kg ထိုင်းမိတ် တစ်တွဲတစ်စုံလျှင် ၁၅၅၀၀ ကျပ်၊ကုန်ကြမ်း 1 kg မလေးမိတ် တစ်တွဲတစ်စုံလျှင် ၁၂၀၀၀ ကျပ်ရောင်းချကြောင်း၊ ၀.5 kg ထိုင်းမိတ်တစ်စုံတစ်တွဲ လျှင် ၁၂၀၀၀ ကျပ်၊ ၀.5 kg မလေးမိတ် တစ်တွဲတစ်စုံလျှင် ၉၀၀၀ ကျပ်ရောင်းချကြောင်း၊အသင့်သုံး ဆပ်ပြာဆီ (ပန်ကန်ဆေး)ရည် 1 leter 1ဘူး လက်လီ ၁၀၀၀ ကျပ်/လက်ကား ၉၀၀ ကျပ်ရောင်းချ လျက်ရှိပြီး ကုန်ကြမ်းများကိုတော့ တစ်နိုင်တစ်ပိုင်ထုတ်လုပ်သုံးစွဲသူ/ ပြန်လည်ရောင်းချသူထံမှ ဝယ်ယူလျက်ရှိ ကြောင်း အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)