Main menu

“ ကော့မှူးမြို့နယ်၌ယခုနှစ်မိုးရာသီတွင်စိုက်ပျိုးဧက(၈၈၀၈၇)စိုက်ပျိုးပြီးစီး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်မိုးရာသီစိုက်ပျိုးရာသီး တွင် မိုးစပါးဧက (၈၈၀၈၇) စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း ကော့မှူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

   ကော့မှူးမြို့နယ်၌ ယခုနှစ်မိုးရာသီးနှံ စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးဧက (၈၈၀၈၇) လျာထားပြီး မေလ ဒုတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ်လ(၃၁)ရက်နေ့တွင် (၈၈၀၈၇)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း ယခုလို လျာထားဧက အားလုံးရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကော့မှူးမြို့နယ်၍ ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီ တွင် အောင်နိုင်တိုး ၊ GW -11၊ ရက်(၉၀)၊ ငစိန်၊ မီးဒုံ၊ ငကျွဲ၊ ကောက်ညှင်း စသည့် စပါးအမျိုးအစား များကို အများဆုံးစိုက်ပျိုးထားကြောင်း၊ အဆိုပါ စိုက်ပျိုးထားသည့် စပါးများ အထွက်နှုန်းကောင်း မွန်စေရန်နှင့် အပျက်အစီး အလေအလွင့်မရှိစေရေး၊ တစ်ဧကချင်း စပါးအထွက်နှုန်းညီစေရန်၊ စပါးအရည်အသွေးကောင်းမွန်စေရေး စသည့် လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုး ထုတ်လုပ်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများအား ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)