Main menu

ထားဝယ်မြို့ ခရုအုန်း(ခေါ်)ခရုညို စျေးနှုန်း/စျေးကွက်

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးပင်လယ်ပြင်မှထွက်ရှိသည့်အုန်းခရု(ခေါ်)ခရုညိုများအား ဒေသတွင်း စားသုံးမှုများပြားပြီး၊ အခြားဒေသမှရောက်ရှိလာသော ဧည့်သည်များလည်း ကြိုက်နှစ်သက်မှုများ ပြားပါသည်။ ခရုအုန်း(ခေါ်)ခရုညိုများအား ရေနွေးဖြင့်ပြုတ်ကာ ပါးပါးလှီး၍ အစာများထည့်ကာ ပုံစံအမျိုးမျိုးဖြင့်သုတ်စားခြင်း၊ အချည်ရည်ဖြင့်တို့ကာ စားသုံးခြင်း၊ ဟင်းချိုချက်ကာ စားသုံးခြင်း၊ ဟင်းချက်အမွှေးအကြိုင်များဖြင့် ချက်ပြုတ်စားသုံးကြပါသည်။ ထားဝယ်မြို့၊ ကမ်းနားစျေးရှိ ငါး/ပုစွန် အရောင်းဆိုင်များတွင် ခရုအုန်း(ခေါ်)ခရုညို တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)