Main menu

ထားဝယ်မြို့ချဥ်ပေါင်ရွက် စျေးနှုန်းအခြေအနေ

Powered by Drupal

      ထားဝယ်မြို့နှင့်အနီးဝန်းကျင်ရွာများရှိ အိမ်ခြံမြေအလွတ်များရှိသည့်နေရာများတွင် တစ်နိုင် တစ်ပိုင် ချဥ်ပေါင်ပင်များ စိုက်ပျိုးကြသလို စိုက်ခင်းများဖြင့် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ စိုက်ပျိုးထွက်ရှိသော ချဥ်ပေါင်ရွက်များအား အိမ်စားသုံးခြင်း၊ တစ်နိုင်တစ်ပိုင် ရောင်းချခြင်း၊ စီးပွားဖြစ် ရောင်းချခြင်းများဖြင့်လည်း မိသားစုဝင်ငွေရရှိကြပါသည်။ ယခု စက်တင်ဘာလ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်ရှိ ချဥ်ပေါင်ရွက်စျေးနှုန်းများမှာ ပုံမှန်အစည်း တစ်စည်းလျှင် ၄၀၀/၅၀၀ ကျပ်ခန့်ရှိ ကြောင်း ထားဝယ်မြို့၊ ကမ်းနားစျေး၊ ညနေစျေးနှင့် မေတ္တာကမ္ဘာအေး ကိုယ်ပိုင် ကုန်စိမ်းစျေးတို့ရှိ စျေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)