Main menu

မုံရွာမြို့ ကျောက္ကာလမ်းဘေးတစ်လျောက်ရှိ အုန်းသီးနှင့် နာနတ်သီးဈေးနှုန်း

Powered by Drupal

     မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတစ်လျောက်တွင် တွင်းမဒေသထွက် အုန်းသီးများနှင့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှ နာနတ်သီးများ အဓိက ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  အုန်းပင်ကို  အရွက်အလက်မှစ၍ အုန်းမြစ်အထိ လူသုံး ကုန်ပစ္စည်း အမျိုးမျိုးလည်း ပြုလုပ်နိုင်ပါသည်။ အုန်းသီးအသားကို စားသောက်ကုန်အမျိုးမျိုး အသုံးပြုနေကြပြီး အုန်းစိမ်းရည်ကို ကျန်းမာရေးအရ ဆေးဖက်ဝင်အဖြစ် သောက်သုံးနေကြ ပြီးလည်းဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါ သည်။

          မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ဖြစ်ပေါ်နေသော အုန်းသီးဈေးနှုန်းများမှာ အုန်းစိမ်း ရေသောက် အုန်းသီး အနု/အရင့် ပေါ်မူတည်၍  အုန်းသီးတစ်လုံးလျှင် (၂၇၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ နာနတ်သီးဈေးနှုန်း အနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် အကြီး/ အသေးပေါ်မူ တည်၍ မုံရွာမြို့၊ ကျောက္ကာ လမ်း‌ဘေးတစ်လျောက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)