
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးနှင့် ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း စပျစ်သီးတရုတ်မျိုး(၁)ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ စပျစ်သီးဗမာမျိုး (၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ဖရဲသီးအကြီး(၁)လုံးလျှင် (၈၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၇၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များထံမှ သတင်းရရှိပါသည်။
DOCA (စစ်ကိုင်း)