Main menu

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးရှိ မုန့်ညှင်းရွက်နှင့် မုန့်ညှင်းချဉ်ဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိ ရာစားဖိုဆောင်သီးနှံများကို ရာသီချိန်အလိုက် စိုက်ပျိုးကြကြောင်း၊ မုန့်ညှင်းရွက်ကို မြို့ပေါ်ရပ် ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မိမိတို့နေအိမ်ခြံဝင်းများ၊ ယာကွက်များတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ ဩဂုတ်လတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် မုန့်ညှင်းချဉ် (၁)ပုဂံလျှင် (၃၀၀)ကျပ်၊ (၂)ပုဂံလျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း မုန့်ညှင်း ရွက်လက်လီ(၁)စီးလျှင် (၃၅၀)ကျပ်၊  လက္ကား(၃)စီးလျှင် (၁၄၀၀)ကျပ်၊ (၁၀)စီးလျှင် (၃၂၀၀)ကျပ် ဖြင့်လည်းကောင်း ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မုန့်ညှင်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)