Main menu

မင်းဘူးမြို့၊ မြို့မဈေး၏ မျှစ်ဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ မျှစ်ကို ကျောက်တန်းနှင့် မဲဇလီ၊ ဆည်တော်၊ မင်းဘူးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အဓိက မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် မျှစ်()ပိဿာလျှင် ကျပ်(၂၈၀၀)ဖြင့် ရောင်းချလျက် ရှိပြီး (ဒုတိယပတ်)တွင် မျှစ်()ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၈၀၀)ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။  ယခုအချိန်တွင် မျှစ်ထွက်ရှိရာ နေရာများတွင် အထွက်နှုန်းများ လှိုင်လှိုင်ထွက်ရှိလာသော်လည်း လမ်းခရီးအခက်အခဲကြောင့် ဈေးနှုန်း မြင့်တက်လာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)