
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ဩဂုတ်လ တတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး ဩဂုတ်လ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၁၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၈၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဩဂုတ်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၁၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် စားအုန်းဆီဈေးနှုန်းနှင့် နှမ်းဆီသန့်ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း စားသုံးဆီ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)