Main menu

ကယားပြည်နယ်အတွင်း ဖူးစားပြောင်း ဈေးနှုန်းဈေးကွက်

Powered by Drupal

        Maiza (or) Corn ဟုခေါ်ကြသည့် ပြောင်းဖူးများကို ကမ္ဘာတစ်ဝန်းလုံး လူမျိုးဘာသာမရွေး၊ ကလေးလူကြီးမရွေး စားသောက်ကြသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းဖူးများတွင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အာဟာရဓာတ်စုံလင်စွာပါရှိပါသည်။ ထို့ကြောင့် ပြောင်းဖူးစားသုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း၊ ရောင်ရမ်းမှုကို သက်သာစေခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း စသည်ဖြင့် ရောဂါအများစုကို ကာကွယ်ပေးနိုင်ပါသည်။

    ပြောင်းဖူးများကို ကြော်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း၊ ဖုတ်၍သော်လည်းကောင်း၊ သရေစာအဖြစ်စားသောက်ကြသည့်အပြင် အခြားအသီးအရွက်၊ အသား၊ ငါးများနှင့်ရော၍ ဟင်းတစ်မျိုးအဖြစ်လည်း ချက်ပြုတ်စားသောက်ကြပါသည်။

     ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း (၂၂-၈-၂၀၂၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော ဖူးစားပြောင်းဈေးနှုန်းများမှာ သကြားပြောင်း(အစိမ်း) တစ်ဖူးလျင် (၈၀၀ မှ ၁၀၀၀) ကျပ်၊ သကြားပြောင်းဖူး(အပြုတ် )တစ်ဖူးလျင် (၁၂၀၀ မှ ၁၅၀၀)ကျပ်၊ ရှမ်းပြောင်း(အစိမ်း) တစ်ဖူးလျင် (၅၀၀ မှ ၇၀၀)ကျပ်၊ ရှမ်းပြောင်းဖူး(အပြုတ်) တစ်ဖူးလျင်(၈၀၀ မှ ၁၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဖူးစားပြောင်းများကို ကယားပြည်နယ်၊ လောပိတ၊ လောဓလေးတို့တွင် အများဆုံးစိုက်ပျိုးရောင်းချကြပြီး လွိုင်ကော်မြို့အတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးစားသောက်ကြကြောင်း ပြောင်းဖူးရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)