Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် ဈေးနှုန်း

Powered by Drupal

            သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီးနှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၃၅၀၀)ကျပ် နှင့် အသေး တစ်ပွင့်လျှင်(၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် အကြီးတစ်ထုတ်လျှင်(၄၀၀၀)ကျပ်၊ အသေး (၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဥ်လျှင်(၁၅၀၀)ကျပ် ပြန်လည်ကျဆင်းလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)