Main menu

ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးကွက်ရှိ ဒေသထွက် ခဝဲသီးဈေးနှုန်း

Powered by Drupal

                စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ရာသီချိန်အလိုက် ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူမြို့မဈေး အပြင်ဘက်တန်းတွင်  ကန့်ဘလူမြို့ ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက် လျက်ရှိသည့် ဒေသထွက်ခဝဲသီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင်(၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာ(၃၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၉၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ခဝဲသီး(၁) ပိဿာလျှင် (၅၀၀)ကျပ်ကျဆင်းလာကြောင်း၊ ဟင်းသီးဟင်းရွက်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)