
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို စားသုံးသူများနေ့စဥ်ဝယ်ယူလျက်ရှိသည့် အခြေခံစား သောက်ကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကို လေ့လာ၍အပတ်စဥ်၊ လစဥ်အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဆိပ်ငယ်စည်ပင်သာယာဈေးကြီး၊ စမ်းချောင်း ကုန်စိမ်းဈေး၊ အစရှိသည့်ဈေးများတွင် အသားငါးဆိုင်များ၌ ယခင်သြဂုတ်လဒုတိယပတ်တွင် CPကြက်သားမှာ တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်ခန့်ရှိပြီး ယခုသြဂုတ်လစတုတ္ထပတ်တွင် CP ကြက်သားမှာ တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်မှ (၂၅၀၀၀)ကျပ် ဈေးအနည်းငယ်တက်လာ ကြောင်းသိရှိရပါသည်။ ယခုသြဂုတ်လစတုတ္ထပတ်တွင်ဗမာကြက်သားမှာ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း စည်ပင်သာယာဈေးကြီးရှိ အသားငါးဆိုင်များမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)