Main menu

ကန့်ဘလူမြို့မဈေးရှိ ဂေါ်ရခါးသီးနှင့် သခွားသီးဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများ နှင့် နေ့စဉ်စည်ကားလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီး နှင့် သခွားသီးတို့ကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဂေါ်ရခါးသီး ဈေးနှုန်း များမှာ  အလုံးကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၄၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၃၀၀) ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၂၀၀မှ ၃၀၀)ကျပ်တို့ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဂေါ်ရခါးသီးနှင့် သခွားသီးတို့ကို ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊ ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်ထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)