Main menu

သာယာဝတီခရိုင်တွင်ကြက်သားဈေးနှုန်းများမြင့်တက်လျက်ရှိ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန ကုန်ဈေးနှုန်း တည်ငြိမ် ရေးနှင့် ဈေးကွက်အတွင်းရောင်းချလျှက်ရှိသောအခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများ သိရှိ စေရန်အတွက် လက်ပံတန်းမြို့မဈေးကြီးသို့ နေ့စဉ်သွားရောက်မေးမြန်းတင်ပြလျှက်  ရှိရာ ယခု အပတ်တွင် ကြက်သားဈေးနှုန်းများမြင့်တက် လာကြောင်းသိရှိရပါသည်။

          လက်ပံတန်းမြို့မဈေးအတွင်းရောင်းချလျှက်ရှိသည့်  ကြက်သား(ဗမာ) နှင့်CP ကြက်သား ဈေးနှုန်းများမှာ ဩဂုတ်လ ပထမ ပတ်နှင့် ဒုတိယပတ်တို့တွင် ကြက်သား (ဗမာ) တစ်ပိဿာ လျှင် ၃၂၀၀၀/ကျပ်၊  CPကြက်သား ရင်ပုံသား တစ်ပိဿာလျှင်၂၀၀၀၀/ကျပ်၊ ပေါင်ပိုင်းအသား တစ်ပိ  ဿာ လျှင် ၁၈၀၀၀/ကျပ်၊ ယခုဩဂုတ်လ တတိယပတ်တွင် ကြက်သား (ဗမာ) တစ်ပိဿာလျှင်   ၃၅၀၀၀/ကျပ်၊ CPကြက်သား ရင်ပုံသား တစ်ပိဿာလျှင်၂၅၀၀၀/ကျပ်၊ ပေါင်ပိုင်းအသား တစ်ပိဿာ လျှင် ၂၂၀၀၀/ကျပ်ဈေးသို့ မြင့်တက်သွားကြောင်း ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်ပါက  ကြက်သားဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)