Main menu

မြိတ်မြို့ပေါ်ရှိ ရောင်းချနေသောအစားအစာများ

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိဈေးများတွင် သစ်သီးဝလံများ၊ စားစရာမုန့် များကို ဈေးဆိုင်များ၊ ဆိုင်ခန်းများတွင်လည်း ရောင်ချကြသည့်အပြင် အများပြည်သူများသွားလာသည့်လမ်းများ၊ ကားဂိတ်များတွင် ခေါင်းရွက်ဗျက်ထိုးဈေးသည်များမှာ ပြောင်းဖူးပြုတ်၊ ငုံးဥပြုတ်၊ ဖရဲသီးစိတ်နှင့် ဆီးချိုသီးများကို ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

      ယခု၂၀၂၅ခုနှစ်သြဂုတ်လတတိယပတ်တွင် ကားဂိတ်များနှင့် အများပြည်သူသွားလာများသည့်နေရာများတွင် ရောင်းချနေသော ပြောင်းဖူးပြုတ် တစ်လုံးလျှင်(၁၅၀၀)ကျပ်၊ ငုံးဥ ပြုတ်(၅)လုံးလျှင် (၁၀၀၀)ကျပ်၊ ဖရဲသီးစိတ်တစ်ခုလျှင်(၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)