
ပြည်ဈေးကွက်အတွင်း ငွေနှင်းမှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရွာဘဲရပ်၊ နဝဒေးရပ်၊ ခေတ္တရာရပ်ကွက်အစုံနှင့် မြို့နယ်နေရာအချို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချနေကြပါသည်။ ပြည်မြို့ပေါ်လက်လီဈေးများသို့ တစ်ပတ်လျှင် ရက်ခြား (၈)ပိဿာမှ (၁၀)ပိဿာခန့်အဝင်ရှိပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။ ငွေနှင်းမှိုကို ကန်စွန်းရွက်နှင့်ရော၍ ချက်စားခြင်း၊ ငရုတ်သီးစိမ်း၊ မျှင်ငပိတို့နှင့် ငပိချက် ချက်၍ စားသောက်ကြပါသည်။ ပြည်မြို့ပေါ် ဈေးကွက်တွင် ငွေနှင်းမှို (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)