
ရမည်းသင်းမြို့နယ်တွင် ဩဂုတ်လ တတိယပတ်၌ စပါးဈေးကွက်မှာ အရောင်းအဝယ် အေးနေကြောင်း သိရသည်။ ဒေသတွင်း စိုက်ပျိုးထွက်ရှိသော စပါးမျိုးမှာ ပဒေသာ၊ မနောသုခ၊ ထိုင်းနှံကောက် မျိုးများစိုက်ပျိုးကြရာ နွေစပါးအနေဖြင့် မနောသုခနှင့် ထိုင်းနှံကောက်များထွက်ရှိရာ ဒေသတွင်းစပါး ပွဲစားများနှင့် ဆန်စက်များသို့ ရောင်းချရပါသည်။ ယခုနှစ်နွေစပါးမှာ ဇွန်လမှစ၍ ရိတ်သိမ်းခဲ့ရာ ဈေးကွက်သို့ တင်ပို့ရာတွင် အဝယ်အေးကြောင်းသိရသည်။ ဩဂုတ်လလယ်၌ ဖြစ်ပေါ်နေသော နွေးစပါး အသစ်ဈေးများမှာ စပါး တစ်တင်းလျှင် မနောသုခမှာ (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ ထိုင်းနှံကောက်မှာ (၁၁၅၀၀) ကျပ် ဈေးရှိပြီး၊ ယခင်မိုးစပါးဈေးများမှာ အစိုဓါတ်အနည်းငယ် လျော့လာပြီဖြစ်၍ စပါးတစ်တင်းလျှင် မနောသုခမှာ (၁၈၀၀၀) ကျပ်၊ ထိုင်း နှံကောက်မှာ (၁၂၀၀၀) ကျပ်၊ မဂျမ်းတော (ပဒေသာ) မှာ (၂၆၀၀၀) ကျပ် ဈေးရှိကြောင်း ဆန်စက်ပိုင်၊ စပါးပွဲစားများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)