
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအား နေ့စဉ်ထုန်ပြန်ပေးလျက် ရှိပါသည်။
မကွေးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ် (၃၀၂၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၃၀၇၅)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၇၃၅)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ် (၃၃၅၅) ဖြစ်ပြီး (ဒုတိယပတ်)တွင် ဓါတ်ဆီ(92) (၁) လီတာလျှင် ကျပ် (၃၀၆၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၃၁၁၅)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၂၈၃၅)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ် (၃၄၇၅)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဓါတ်ဆီ (92) (၁) လီတာလျှင် ကျပ်(၄၀)၊ ဓါတ်ဆီ (95) (၁) လီတာလျှင် ကျပ် (၄၀)၊ ဒီဇယ် (ရိုးရိုး) (၁) လီတာလျှင် ကျပ် (၁၀၀)၊ ဒီဇယ် (ပရီမီယမ်) (၁)လီတာလျှင် ကျပ်(၁၂၀) ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)