
ကရင်ပြည်နယ်၊ ဘားအံမြို့နှင့်အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ခြံထွက်ဟင်းသီးဟင်းရွက်များကို ဘားအံမြို့ရေပေါ်ဈေးအတွင်းသို့ လာရောက်ရောင်းချကြသည်။ ဒေသထွက်ရာသီစာ သီးနှံတစ်မျိုးဖြစ်သည့် ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးများလည်း ဘားအံမြို့ရေပေါ် ဈေး ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွေသီးဈေးနှုန်းများမှာ လက်ကားဈေးနှုန်း အတောင့်(၃၀)ပါတစ်စည်း(၂၁၀၀၀)ကျပ်၊အတောင့်(၅၀)ပါ အစည်း(၃၅၀၀၀)ကျပ်နှင့် ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးလက်လီးဈေးနှုန်းမှာ အတောင့်ကြီး တစ်တောင့်လျှင် (၁၃၀၀/၁၅၀၀)ကျပ်၊ အတောင့်လတ် တစ်တောင့်လျှင် (၁၀၀၀/၁၂၀၀)ကျပ်၊ အတောင့်သေး တစ်တောင့်လျှင် (၈၀၀)ကျပ်နှုန်း တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)