Main menu

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ မော်လမြိုင်မြို့ရှိကုန်စဉ်ဒိုင်ဈေးနှုန်း

Powered by Drupal

    စားဖိုဆောင်သီးနှံများထဲမှ ကြက်သွန်နီနှင့်ကြက်သွန်ဖြူကို လူတိုင်းမဖြစ်မနေ စားသုံးကြသည်။ စားသုံးသူမှုပုံစံအမျိုးမျိုးဖြင့် (ဟင်းလျာချက်ခြင်း၊ အသုပ်စုံတွင် ထည့် သုံးစားကြခြင်း၊ အကြော်ပြုလုပ်ခြင်း၊ ကြက်သွန်မှုန့်ပြုလုပ်ခြင်း၊ ငရုပ်သီးနှပ်ကြော်ခြင်း၊ ငပိကြော်ခြင်း၊ တို့စရာအဖြစ်) စားသုံးကြသည်။ ၎င်းကုန်စည်များသည် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်နှင့် မြစ်သားမြို့နယ် တို့မှ မွန်ပြည်နယ် မော်လမြိုင်သို့ ကုန်စည်စီးဆင်းလျက်ရှိသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)အတွင်း ကြက်သွန်နီ ဈေးနှုန်း အခြေအနေ မှာ မြစ်သားကြက်သွန်နီ(အကြီး) တစ်ပိဿာလျှင် ကျပ် ၂၂၀၀၊ မြစ်သား ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ မြစ်သားကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၁၃၀၀၊ မုံရွာကြက်သွန်နီ (အကြီး) တစ်ပိဿာလျှင် ကျပ်၁၇၀၀၊ မုံရွာ ကြက်သွန်နီ (အလတ်) တစ်ပိဿာလျှင် ကျပ် ၁၆၀၀၊ မုံရွာကြက်သွန်နီ (အငယ်) တစ်ပိဿာလျှင် ကျပ်၁၁၀၀ ဖြစ်ပြီး၊ ကြက်သွန်ဖြူ ဈေးနှုန်းအခြေအနေမှာ ကြူကုတ် တစ်ပိဿာလျှင် ကျပ် ၆၃၀၀၊ ထူးလေး ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၆၈၀၀ ဖြစ်ကြောင်း  ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။

DOCA (မွန်)