
မွန်ပြည်နယ်၊ ကျိုက်ထို၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံ၊ ရေး စသည့်မြို့နယ်များတွင် နာနတ်သီးပင်များကို အများဆုံးစိုက်ပျိုးကြသည်။ နာနတ်သီးပင်များ စိုက်ပျိုးရာတွင် ရော်ဘာပင် တန်းများကြားတွင် သီးညှပ်စိုက်ပျိုး၍ စိုက်ပျိုးမှုဖြစ်ထွန်းသည်။
ယခုနှစ်တွင် နာနတ်သီးမှည့်များ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းများ ရရှိနေသည်။ မြို့နယ်များ စိုက်ခင်းများမှ ထွက်ရှိသော နာနတ်သီးဈေးနှုန်းများမှာ အသီး အရွယ်အစား အပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ နာနတ်သီးဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အလတ် တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ထိ၊ အသေး တစ်လုံးလျှင် ၁၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်ထိ ဈေးကောင်းရရှိနေသည်။
နာနတ်သီးရောင်းချသူများက နာနတ်သီးခြံများသို့ လာရောက်ဝယ်ယူ၍ ဒေသတွင်း ဈေးကွက်နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ယခုနှစ်မိုးဦးကာလတွင် မွန်ပြည်နယ် ဒေသထွက် နာနတ်သီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက် ရှိကြောင်း သစ်သီးဝလံ ရောင်းချသူများထံမှ သိရှိရသည်။
နာနတ်သီးမှာ ကျန်းမာရေးအနေဖြင့် ရင်ကိုအေးမြစေသော ကိုလက်စထရောပါဝင်မှု နည်းပါးပြီး လူသားတို့ ကျန်မာရေးအတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္ထုဓာတ်တို့ စုပေါင်းပါဝင်နေပါသည်။ ချိုမွှေးအရသာရှိပြီး ကျန်းမာရေးအတွက်လည်း အကျိုးများလှသော ရာသီစာ နာနတ်သီးများကို စားသုံးသူများပြားသည်။ နာနတ်သီးကို သဘာဝအတိုင်း စားသုံးခြင်း၊ ဖျော်ရည်ပြုလုပ်၍နာနတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီက ဆံပင်ကျွတ်တာ၊ ဆံပင်ကျဲတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးပြီး ဆံပင်ထူစေပြီး နာနတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီ၊ ဘရိုမီလင်အင်ဇိုင်းတို့က ဓာတ်တိုးဆန့်ကျင် အာနိသင်နဲ့ရောင်ရမ်းမှုကို လျော့နည်းစေသောအာနိသင်အပြင် ဦးရေပြားပိုးဝင်ရောက်မှုကို တားဆီးပေးလို့ ဆံပင်ကျွတ်တာ၊ဆံပင်ကျဲတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးသော အကျိုးများဖြစ်စေသည်ဟု သိရှိရသည်။
DOCA (မွန်)