Main menu

မော်လမြိုင်မြို့ အေးသာယာဈေး၌ ရောင်းချသည့် ပန်းအမျိုးမျိုး ဈေးနှုန်း

Powered by Drupal

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အေးသာယာဈေးတွင် ဂန္ဓာမာပန်း၊ ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်း၊ နှင်းဆီပန်း၊ ရေမွှေးပန်းနှင့် သစ္စာပန်းနှင့် သပြေပန်းများ ရောင်းချလျက်ရှိသည်။ အဆိုပါ ပန်းများသည်ဒေသထွက်ပန်းများဖြစ်ပြီး ဘုရားပန်းကပ်လှူရန် ဝယ်ယူမှုများကြောင့် အရောင်းအဝယ်သွက်လျက်ရှိသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် အေးသာယာဈေးအတွင်း ရောင်းချသည့်ပန်း ဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ)တစ်စည်းလျှင် ၇၀၀၀ကျပ် ၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၄၀၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၇၀၀၀ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင်  ၅၀၀ကျပ် ၊  (၁၀ဖွင့်ပါ ) တစ်စည်းလျှင် ၄၅၀၀ကျပ်၊  သစ္စာပန်း (အဖြူ၊ အနီ) တစ်စည်းလျှင် ၆၀၀၀ကျပ်၊ သပြေပန်း တစ်စည်း ၅၀၀ ကျပ်ဖြင့်  ရောင်းချလျက်ရှိသည်။

          ယခင်လနှင့်နှိုင်းယှဉ်ပါက  ယခုလ လဆန်းပိုင်းမှစ၍ ပန်းဈေးနှုန်းများမှာ ပျှမ်းမျှ ပန်းတစ်စည်း လျှင် ၃၀၀ ကျပ် မှ ၅၀၀ ကျပ် ခန့်အတွင်း  ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။ 

DOCA (မွန်)