Main menu

မော်လမြိုင်မြို့ ဒေသထွက်  ပီလောပီနံဥ အထွက်ကောင်း၍ ဈေးကောင်းရရှိ 

Powered by Drupal

      မော်လမြိုင်မြို့တွင် ပီလောပီနံကို စိုက်ပျိုးကြသည်။ အထူးသဖြင့် ချောင်းဆုံမြို့ တွင် ပီလောပီနံဥ အများဆုံးစိုက်ပျိုးကြသည်။ ၎င်းချောင်းဆုံမြို့နယ်ရှိ ဘိုးနက်ကျေးရွာ၊ ကတောင်စိန်ကျေးရွာ၊ ခြံတန်းကျေးရွာတို့၌ ပိုမိုဖြစ်ထွန်းသည်။

          ယခုအခါ ဩဂုတ်လ (တတိယပတ်)တွင် ပီလောပီနံဥ ပေါ်ဦးပေါ်စဖြစ်၍ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်နေသည်။ မော်လမြိုင်မြို့မဈေး တွင် ရောင်းချနေသော ပီလောပီနံဥ ဈေးနှုန်းများမှာ လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ လက်ကား တစ်ပိဿာလျှင် (၄၅၀၀)ကျပ် ဖြစ်သည်။ ထို့ကြောင့် ချောင်းဆုံ ဒေသထွက် သဘာဝအစာအစားဖြစ်သော ပီလောပီနံကို စားသုံးသူများပြား၍ ဈေးကွက်တွင် အရောင်းအဝယ်ကောင်းနေသည်။ ထိုပီလောပီနံဥ ဒေသအစားအစာကို ဝယ်ယူစားသုံးရာတွင် ပီလောပီနံဥကို အပြုတ်ပြုလုပ်၍လည်းကောင်း၊ ပီလောပီနံဥကို အမျှင်သေးခြစ်ကာ ပေါင်းခံ၍လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြကြောင်းသိရှိရသည်။

DOCA (မွန်)