
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် သလဲသီးနှင့် ဩဇာသီးများလှိုင် လှိုင်ရောင်းချလျက်ရှိပါသည်။ သလဲသီးပင်နှင့်ဩဇာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ရောင်းချသော သလဲသီးဈေးနှုန်းမှာ သလဲသီးအကြီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ အသေး(၁) လုံးလျှင်(၃၀၀)ကျပ်၊ ဩဇာသီးအကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ် (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)