
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါ သည်။
ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက် အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြကြောင်း၊၂၀၂၅ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချခဲ့သော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၄၅၀၀)ကျပ်ရှိခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၃၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)