
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နယူးစီဗွီလိုင်းဈေးပန်းဈေးတွင် ဘုရားပန်းအမျိုးမျိုး ရောင်းချလျက်ရှိသော ဈေးသည်(၁၀)ဦးခန့်ရှိပြီးအများစုမှာ မန္တလေးမြို့ သီရိမာလာပန်းဈေးမှ ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြောင်းသိရှိရပါသည်။ပန်းထိမ်မနိုင်အဖြူ(၁၀)ခက်ပါ အကြီးတစ်စီး လျှင်ကျပ်(၄၀၀၀/၅၀၀၀)၊အသေးတစ်စီးလျှင်ကျပ်(၂၅၀၀/၃၀၀၀)၊ ခရမ်းဗေဒါ(၁၀) ပွင့်ပါ တစ်စီး လျှင်ကျပ်(၁၇၀၀/၂၀၀၀)၊ဂန္ဓမာပန်း(လပ်ကီး)အဖြူ တစ်ရိုးတစ်ပွင့်(၁၀)ခက်ပါ တစ်စီးလျှင် ကျပ် (၆၀၀၀/၆၅၀၀)၊သစ္စာပန်းအဖြူ(၅)ခက်ပါတစ်စီးလျှင်ကျပ်(၂၅၀၀)၊အဝါ/အနီတစ်စီးလျှင် ကျပ် (၂၀၀၀)၊နှင်းဆီပန်းအဖြူ/အနီ(၁၀)ပွင့်ပါတစ်စီးလျှင်ကျပ်(၄၀၀၀)၊ အဝါရောင်နှင့်ပန်းရောင် (၁၀) ပွင့်ပါတစ်စီးလျှင်ကျပ်(၃၀၀၀)နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ဘုရားပန်းတင်လှူ သူများအနေဖြင့် ယခုဝါတွင်းကာလတွင်း ပန်းထိမ်မနိုင်ပန်းနှင့်နှင်းဆီပန်းကို လှူဒါန်းမှုများပြား ခြင်းတို့ကြောင့် ဈေးသည်များအတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)