Main menu

ဆီနေကြာစျေးကွက်

Powered by Drupal

     နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်သြဂုတ်လနောက်ဆုံး ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ် အိတ်လျှင် ၁၇၀၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၆၂၉၆ ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် ၂၂၀ဝ ကျပ် နှင့် ၂၂၅ဝ ကျပ် ဖြစ်ပြီး၊ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၂၁၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၉၆၃ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ဆီနေကြာ ယခုနှစ်နှင့် ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ်လျော့နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)