Main menu

ရာသီပေါ်ဗမာမြင်းခွာရွက်

Powered by Drupal

      မြင်းခွာရွက်သည် မြန်မာနိုင်ငံတွင် သဘာဝအလျောက် ပေါက်ရောက်သော ဆေးဖက်ဝင် သော နွယ်ပင်မျိုးဖြစ်ကြောင်း၊ ဗမာမြင်းခွာရွက်သည် စိုထိုင်းစရှိသော မြေနှင့်အရိပ်အနည်းငယ် ရှိသော နေရာများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးထွက်ပေါ်လေ့ရှိကြောင်း၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်ကြောင်း၊ စိုထိုင်း သောရာသီဥတုကို နှစ်သက်ပြီး၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ(၂-၃) လ အကြာတွင် အရွက်များ စတင်ခူးဆွတ်ကြောင်းသိရှိရသည်။  မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ၂၀၂၅ခုနှစ်၊ ဩဂုတ်လ နောက်ဆုံးပတ်တွင် ဗမာမြင်းခွာရွက် ၂၅ ကျပ်သားလျှင် (၁၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးရှိကြောင်း၊ ဆေးဖက်ဝင်ပြီး လူမျိုးဘာသာ မရွေးစားသုံးကြသောကြောင့် ဈေးကွက်တွင် အရောင်းသွက် လျက်ရှိကြောင်း၊ နေ့စဉ် ဗမာမြင်းခွာရွက် (၄-၅) ပိဿာခန့် ရောင်းချရကြောင်း၊ ၎င်းကို‌အသုပ်စုံဆိုင် များနှင့် စားသောက် ဆိုင်များက အများဆုံးဝယ်ယူကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

          မြင်းခြံဒေသအတွင်းရှိကျေးရွာ အများစုမှ ထွက်ရှိသော ဗမာမြင်းခွာရွက် များကို တောင်သူများက အေးမြသီတာဈေးရှိ ကုန်စိမ်းဆိုင်များသို့ တင်သွင်းရောင်းချကြောင်း၊  တောင်သူ များကိုယ်တိုင် ဈေးသို့ လာရောက် ရောင်းချကြောင်း၊ ၎င်းတို့အနေဖြင့် စိုက်ပျိုးစရိတ် သက်သာပြီး ဝင်ငွေရရှိကြောင်း သိရှိရသည်။ ကျန်းမာရေးအကျိုးများကျေးဇူးအနေဖြင့် ဗမာမြင်းခွာ ရွက်သည် ဦးနှောက်သွေး လည်ပတ်မှုကို အထောက်အကူပြု၍ မှတ်ဉာဏ်ကောင်းစေကြောင်း၊ စိတ်ဖိစီး မှုကိုလျော့ချပေး၍ အိပ်မပျော်ခြင်း ကိုသက်သာစေကြောင်း၊ ဝက်ခြံ၊ အရေပြား ယားယံသော   ဘက်တီးရီးယားနှင့် မှိုပိုးများကို  တိုက်ဖျက်နိုင်သော   အာနိသင်ရှိကြောင်း၊ သွေးတိုးကျစေပြီး၊ အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေး၍ သွေးသန့်စေကြောင်း၊ အစာအိမ်အချဉ် ပေါက်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို သက်သာစေကြောင်း သိရှိရသည်။ စားသုံးမှုအနေဖြင့် မြင်းခွာရွက်ကို အခြောက်လှန်း၍ လက်ဖက်ရည်အဖြစ် သောက်ခြင်း၊ အရွက်ကိုမြေပဲဆံ၊ ကြက်သွန်နီဆီချက်တို့ဖြင့် သုပ်စား ခြင်း၊  အတို့အမြှုပ်အဖြစ် ငါးပိရည်နှင့် စားသုံးခြင်း၊ ပုစွန်ခြောက်နှင့် ဟင်းရည်ချက်စားခြင်း စသည် ဖြင့်အမျိုမျိုး စားသုံးကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)