Main menu

ကန့်ဘလူမြို့ပဲဈေးကွက်၌ ပဲဇီးကွက်နှင့် ပဲလွန်းဖြူဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲဇီးကွက်သီးနှံကို ကန့်ဘလူမြို့နယ် ဆန္ဒယားကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲလွန်းဖြူသီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း၊  ပဲလွန်းဖြူသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် ဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၉၉၅၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၉၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ပဲဇီးကွက်သီးနှံ()တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်း ကျဆင်းနေကြောင်း၊ ပဲလွန်းဖြူဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ အကွဲအနာပါ တစ်တင်းလျှင် (၁၀၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ဩဂုတ်လ တတိယပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲလွန်းဖြူသီးနှံ () တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ကန့်ဘလူမြို့နယ်မှ ထွက်ရှိသော ပဲဇီးကွက်သီးနှံနှင့် ပဲလွန်းဖြူများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)