
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများ၌ မြို့အနီးရှိကျေးရွာများ ဖြစ်သော ဘုရားပြို၊ မြင်းကင်း၊ ချောင်းဖြူ၊ သင်္ဘောဆိပ်၊ ဝါးတောချောင်း၊ မကြီးကန်၊ ဆားတိုင်းကန်၊ နွားကူး စသည့်ကျေးရွာများမှ ထွက်ရှိသည့် ဖန်ခါးသီးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ဖန်ခါးသီးနို့ဆီဗူး(၁)ဗူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မကွေးမြို့နယ်အတွင်း ဖန်ခါးသီးကို စိုက်ခင်းများအဖြစ် စိုက်ပျိုးထားခြင်းမရှိဘဲ ဒေသအလျောက်ပေါက်ပင်နှင့် မိမိ၏အိမ်ခြံဝန်းများတွင်သာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ ရာသီစာအတို့အမြှုပ်အဖြစ်လည်းကောင်း၊ ဒေသထွက် ဆေးဖက်ဝင်အသီးအနှံ အဖြစ်လည်းကောင်း စားသုံးကြသည့်အတွက် အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။ ဖန်ခါးသီးကို အညာထမင်းဝိုင်းများတွင် အတို့အမြှုပ်အဖြစ် စားသုံးကျသည်သာမက ဒေသထွက် လက်ဆောင်အဖြစ် အသုံးပြုကြပါသည်။ ဖန်ခါးသီးသည် ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်စီဓါတ် နှင့်ဓါတ်တိုးပစ္စည်းများစွာ ပါဝင်သောကြောင့် ခံတွင်းနံ့ကင်းရှင်းခြင်း၊ အရိုးအဆစ်နာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်းနှင့် နှလုံးကျန်းမာစေဖို့ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)