Main menu

မကွေးမြို့၌ ဖြစ်ပေါ်နေသော ကွမ်းရွက်နှင့်ကွမ်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ မုရွာမြို့နယ်ရှိကွမ်းခြံများမှ တိုက်ရိုက်ရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မြို့မှ မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံး၊ နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့် ပခုက္ကူမြို့မှ ဝယ်ယူရောင်းချ ကြောင်း သိရသည်။

        ကွမ်းရွက်ဈေးနှုန်းအနေနှင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(စတုတ္ထပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသအလိုက် ကျပ်(၃၅၀၀-၅၅၀၀-၈၅၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၃၄၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ် (၃၂၀၀၀)၊ ကွမ်းစားထုံး(၁)လီတာတစ်ဘူးလျှင် ကျပ်(၁၅၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ် (၈၀၀)၊ ဗမာဆေး(၁)ထုပ်လျှင် ကျပ်(၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

       ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၅၀၀) ဈေနှုန်းမြင့်တက်ခဲ့ပြီး ကွမ်းသီးခြမ်းနှင့် ကွမ်းသီးစိပ်မှာ ကျပ်(၁၀၀၀)ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ကွမ်းရွက်စိုက်ပျိုးရာဒေသများ၌ မိုးရွာသွန်းမှုများသဖြင့် ကွမ်းရွက်ခူးမှုနည်း၍ အထွက်နှုန်းနည်းသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း၊ ကွမ်းသီးမှာ ပြည်ပမှာယူမှု များသည့်အပြင် မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲရှိသောကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)